ကျုံပျော်မြို့နယ်တွင် ၈ တန်းနှင့် ၄ တန်းစာမေးပွဲ ကို ၇၉၇၆ ဦး ဝင်ရောက်ဖြေဆို

ကျုံပျော်  ဖေဖော်ဝါရီ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ၈ တန်းနှင့် ၄ တန်း နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၉၇၆ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

ဖြေဆိုသူများတွင် စတုတ္ထတန်း၌ဖြေဆိုသူ ကျား( ၂၅၈၆)ဦး၊ မ( ၂၃၂၉) ဦးဖြစ်ပြီး၊အဋ္ဌမတန်းတွင် အပြင်ဖြေကျောင်းသား တစ်ဦးအပါအဝင် ကျား(၁၃၆၇) ဦး၊ မ(၁၆၉၄) ဦး ရှိကြောင်းသိရသည်။

စတုတ္ထတန်း(Grade-5) စာဖြေရက်ကို ဖေဖော်ဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ၊ နံနက် ၉ နာရီမှ ၁၀ နာရီ ခွဲ အထိ သတ်မှတ်ထားပြီး၊ အဋ္ဌမတန်း( Grade-9) ကို ဖေဖော်ဝါရီ ၂၄ ရက်မှ မတ်လ ၃ ရက်နေ့အထိ၊ နံနက် ၉ နာရီမှ ၁၀ နာရီခွဲ အထိ သတ်မှတ်ပေးထားကြောင်း သိရသည်။ 

ကိုနေဝင်း (ကျုံပျော်)