နယ်ရုံးများ၏သတင်းများ

Feb 24,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဌက်ပျောတောကျေးရွာအုပ်စု၊ ရှမ်းစုကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)မှ ရွေ့လျားဝန် ဆောင်မှုလုပ်ငန်းများကို ယနေ့ နံနက် (၉)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Feb 24,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ၏ မိဘအရင်းသဖွယ် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို Grade-5 စာစစ်ဌာန(၆၀)နှင့် Grade-9 စာစစ်ဌာန(၉)ခုတို့တွင် ယနေ့ နံနက်(၉)နာရီက စတင်ဖြေဆိုနေပြီဖြစ် ကြောင်းမြို့နယ်ပညာရေးမှူးရုံး မှသိရသည်။
Feb 24,2020
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း၌ ယခုနှစ်မတ်လတွင်ကျင်းပမည့် ၂၀၁၉ − ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူစုစုပေါင်း (၄၀၃၇)ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်ထားခဲ့ကြပြီး၊ စာမေးပွဲကို စာစစ်ဌာန(၉)ခုတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
Feb 24,2020
ပခုက္ကူခရိုင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနက ကြီးမှူး၍ ဂန့်ဂေါခရိုင် ကျောက်ထုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဟောပြောဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သည်။
Feb 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေသခံကာတွန်းဆရာများ၊ ဆောင်စုရတီစာပေတို့ ပူးပေါင်းပြီး ပြည်သူများ စာဖတ်ရှိန် မြင့်မားလာစေရန်နှင့် အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်ပြီး ဖေဖော်ဝါရီ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကာတွန်းပြပွဲ၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေး ‌ရောင်းပွဲတော်အား ကျောက်ဆည်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
Feb 24,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နတ်မောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက်(၉)နာရီက ပြန်/ဆက်ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အခမဲ့ ကွန်ပျူတာသင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။
Feb 24,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အခြေခံပညာမူလတန်း(စတုတ္ထတန်း)နှင့် အခြေခံပညာအလယ်တန်း(အဋ္ဌမတန်း) နှစ်ဆုံးစာမေးပွဲကို ယနေ့ နံနက် ၁၀ နာရီက သက်ဆိုင်ရာကျောင်းများ၌ ဖြေဆိုခဲ့ကြောင်း သိရသည်။