နယ်ရုံးများ၏သတင်းများ

Feb 22,2020
ပြောင်းလဲတိုးတက်လာသော ယနေ့ခေတ်တွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ နည်းပညာကို မှန်မှန်ကန်ကန် အသုံးချတတ်စေရန် ရည်ရွယ်၍ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ မွန်းလွဲ (၁) နာရီက စာရေးဆရာမ ကလျာအိအိလွင် ရေးသားသည့် “ကလေးငယ် များနှင့် နည်းပညာရိုက်ခတ်မှု” စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့သည်။
Feb 22,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျင်းပပြုလုပ်သော ကျေးလက် ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယမန်နေ့ နေ့လယ် (၁)နာရီက ပဲမခမ်းကျေးရွာ အုပ်စု ပဲမခမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။
Feb 01,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများနှင့် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။