ဂန့်ဂေါ ဖေဖော်ဝါရီ ၂၄
တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အရှင်သိရိန္ဒာဘိဝံသ ယောဆရာတော်၏ ဓမ္မသဘင်ကို ယမန်နေ့ ည ၇ နာရီအချိန်တွင် သာသနာ့ဗိမာန်တော်၌ ဆင်ယင်ကျင်းပသည်။
အဆိုပါ ဓမ္မသဘင်သို့ ဂန့်ဂေါခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ ဌာနဆိုင်ရာများ၊ ဗုဒ္ဓဘာသာဝင်သူတော်စင်များ ၁၀၀၀ ကျော်တို့ တရားတော်နာကြားကြပြီး ဓမ္မပူဇာ ၆၇၅၆၁၅၀ ကျပ် တိတိကို လှူဒါန်းကြ၍ ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။
ထင်အောင်နိုင်(ပြန်ဆက်)