နယ်ရုံးများ၏သတင်းများ

Feb 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ ပြည်သူလူထုများ ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ရန် အတွက် မူဆယ်မြို့၊ (OHC)စီမံကိန်းမန်နေဂျာ ဦးမျိုးအောင်က နှာခေါင်းစည်းစုစုပေါင်း(၅)ထောင်ကို ပေးအပ်လှူဒါန်းပြီး မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေး မှူးဦးလှိုင်စိုးသန့်က လက်ခံသည်။
Feb 25,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် တိုင်းရင်းဆေးကု ဌာနတို့မှ ဦးဆောင်၍ ဈေးအတွင်းရှိ ဟင်းခတ်အချိုမှုန့် ဖော်ပြအလေးချိန် ပြည့်မပြည့် စစ်ဆေးခြင်းနှင့် ဆေးဆိုင်များအား စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 25,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မြေအောက်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် ဒေသခံတောင်အချို့က ကြံသီးနှံကို စမ်းသပ်စိုက်ပျိုးလာကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု ၊ ညောင်ပင်ဝိုင်းကျေးရွာမှ ဒေသခံတောင်သူများ ထံမှသိရသည်။
Feb 25,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဒိုင်းကျေးရွာအုပ်စု၊ ပြည်လုံးအံ့ကျေးရွာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးလျှပ်စစ်ဓါတ်အားပေးဝေရေး ကော်ပိုရေးရှင်း အကူအညီ(NEP)အစီအစဉ်ဖြင့် လျှပ်စစ်မီးလင်းပြီဖြစ်ပါ၍ မီးလင်းရေးအောင်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြည်လုံးအံ့ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 25,2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း(Book Club)နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်သူ အချင်းချင်း ရင်းနှီးမှုရရှိစေရန်နှင့် အသိပညာဗဟုသုတ မြင့်မားပြီးစာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် စာရေးဆရာမ ဒေါက်တာ မတင်ဝင်း၏ “အလုပ်ဆိုတာအင်အားပါ’’ စာအုပ်ဖြင့် ယနေ့နံနက်ကဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြု လုပ်သည်။
Feb 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ရှမ်းပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်လျက်ရှိရာ ယနေ့တွင် အဝတ် လျှော်ဆပ်ပြာရည်နှင့် လက်ဆေးဆပ်ပြာထုတ်လုပ်နည်းကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Feb 25,2020
Save The Children အဖွဲ့မှ စီစဉ်ကျင်းပသည့် မိုဘိုင်းဖုန်းအပလီကေးရှင်းမှတစ်ဆင့် ငှက်ဖျားလူနာ မှတ်တမ်းသတင်းပေးပို့ခြင်း မွမ်းမံသင်တန်းကို မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့သည်။
Feb 25,2020
မြောက်ဥက္ကလာပမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီဝင်များက ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ စျေးများနှင့် စတိုးဆိုင်များတွင် Aflatoxin မှိုအဆိပ် ပါသော စားသုံးဆီများနှင့် ငရုတ်သီးမှုန့် များရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့သည်။