ပန်းတနော် ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ဈေးမီးဘေးလုံခြုံရေးအတွက် ဈေးဆိုင်ခန်းများအား လိုက်လံစစ်ဆေးခြင်း၊ ရေရရှိရေးဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ မီးဘေး စိုးရိမ်ရသောပစ္စည်းများ သိုလှောင်ထားခြင်း ရှိ/မရှိ မီးငြိမ်းသတ်ရေးပစ္စည်းများ ပြည့်စုံ လုံလောက်စွာထားရှိခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး၍ မီးသတ်ဆေးဗူးများဖြင့် ကိုယ်တိုင် ငြိမ်းသတ်၊ ယာဉ်စက်ကိရိယာများဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီများ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးချမ်းအောင်(ပန်းတနော်)