အလုံ ဖေဖော်ဝါရီလ ၂၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ စောမြောက်ရပ်ကွက်၊ ဆင်စွယ်လမ်း ကတ္တရာလမ်း သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် အဆိုပါလမ်းတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ လမ်းသစ်အား အလုံမြို့နယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်နှင့် စောမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲသည်။
ဆက်လက်၍ တက်ရောက်လာသူများသည် လမ်းအတွင်းသို့ လျှေက်လှမ်းပြီး လှည့်လည် ကြည့်ရှုခဲ့ပြီး အခမ်းအနားသို့ အလုံမြို့နယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းလွင်၊ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့သည်။
အဆိုပါလမ်းသည် ယခင်ပျက်စီးနေသော ကတ္တရာလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းဖြစ်ပြီး ပြည်သူများသွားလာမှုအဆင်ပြေ ကောင်းမွန်စေရန်နှင့် လမ်းဘေးဝဲယာတွင် နေထိုင်ကြသော ပြည်သူများ လူနေမှုဘဝအဆင့်မြှင့်တင် တိုးတက်လာစေရန်ရည်ရွယ်၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တင်တင်ချို (ပြန်/ဆက်)