နယ်ရုံးများ၏သတင်းများ

Feb 23,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ အသင်း "မဟာရာဇဝင်ကျော်" (BOOK CLUB) တို့ ပူး​ပေါင်း၍ စာရေး ဆရာဖေမြင့်ရေးသားသော "ပြောတတ်၊ ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကျင်းပသည်။
Feb 23,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းဖုန်းကျေးရွာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (Public Talk) ကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ကာ ကျင်းပပြုလုပ်သည်။
Feb 23,2020
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဆွေးနွေးဖလှယ်နိုင်ရန်အတွက် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ၌ ခရိုင်စာအုပ် စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့နှင့် စာပေ ဝါသနာရှင်များသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် စာရေးဆရာ လူထုစိန်ဝင်း ရေးသားသည့် “အရှက်နှင့်တန်ဖိုး” စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆွေးနွေးသည်။
Feb 23,2020
ပေါက်ခေါင်းမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာပေဝါသနာရှင်များသည် စာရေးဆရာဖေမြင့် ရေးသားသည့် “စဉ်းစား ခြင်း” စာအုပ်ကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည့်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်သည်။
Feb 23,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲပိုင်း က မြို့နယ်အဆင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
Feb 23,2020
ကချင်ပြည်နယ်၊ အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့ ညနေ ၃ နာရီက ရွှေကူမြို့နယ်သို့ ရောက်ရှိခဲ့ပြီး မံဝိန်းကျေးရွာအုပ်စု၊ တုံးကောက်ကျေးရွာ တောင်သူဦးချိုအေး၏ ဆောင်းပဲမျိုးစုံ စံပြစိုက်ကွက်တွင် စိုက်ပျိုးထားသော သီးနှံအခြေအနေများအား ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
Feb 23,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံးတွင် ဖွဲ့စည်းထားသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း၏ (၁၆)ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ရုံး Community Center ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။