နယ်ရုံးများ၏သတင်းများ

Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေး ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask)များအခမဲ့ ဖြန့်ဝေးခြင်း နှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို ယမန်နေ့ နံနက် ၇ နာရီတွင် မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့သည်။
Sep 17,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဆောင်ရွက်ထားရှိရာ ယနေ့က ဌားရမ်းစာအုပ်များ ပြန်လည်လာရောက်အပ်နှံသည့် စာပေချစ်သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အချက်များနှင့်အညီ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Sep 17,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပညာ ပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
Sep 16,2020
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင် မြေစိုက်နံရံကပ်ပြဘုတ်၌ အများပြည်သူများ သိရှိလေ့လာမှတ်သားနိုင်ရန် ယနေ့နံနက်ပိုင်းက ပြသထားရှိကြောင်း သိရှိရသည်။
Sep 16,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာနှင့် မကာပင်ကျေးရွာတို့တွင် ယနေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မျောချောင်းတိုက်စားမှုကြောင့် လူနေအိမ်ငါးလုံး ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Sep 16,2020
အင်္ဂပူမြို့ မြို့မဈေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါထိန်း ချုပ်ရေးနှင့် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် ယနေ့နံနက်ပိုင်းက ဈေးဆိုင်ခန်း များ၊ ပျံကျဈေးသည်မျာနှင့် လမ်းဘေးဈေးဆိုင်များအား နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိ ရောင်းချရန် အသိပေးကြေညာခဲ့ကြောင်း သိရသည်။
Sep 15,2020
ဧရာဝတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ် −၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ် ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် နေ့/ည မပြတ် ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Sep 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာနက ဘိုးဘွားရိပ်သာနှင့် ပရဟိတဂေဟာများသို့ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။