နယ်ရုံးများ၏သတင်းများ

Sep 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့ငွေဖြင့် ဓမင်းဆိပ်ကျေးရွာများရှိ Cyclone Shelter များတွင် လက်ဆေးဘေစင်နှင့် ဖိုက်ဘာရေစည်များ တပ်ဆင်ဆောင်ရွက်နေမှုများကို ယနေ့ မွန်းလွဲ(၁၂)နာရီအချိန်တွင် ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာမှ စစ်ဆေးရေးကော်မတီဝင်များပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၌ ကိုယ်ဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် လူမှုရေးပရဟိတအသင်းများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းမှစ၍ လွိုင်လင်မြို့နယ်၊ ကွတ်ချိုးကျေးရွာ၊ ပန်ခေါက်ဝိုးကျေးရွာနှင့် နောင်ဟူးကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။
Sep 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ အသားထုတ်လုပ်ရောင်းချခွင့်လက်မှတ် စိစစ်ခြင်းနှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး/ဈေးပြိုင်စနစ်ဖြင့် စိစစ်ရောင်းချခြင်း အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက် (၉)နာရီအချိန် က မူဆယ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ကျင်းပသည်။
Sep 11,2020
နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန် က မြို့တွင်း လူစည်ကားသည့် မြို့မဈေးအတွင်းနှင့် မြို့မဈေးအနီး ဗိုလ်ချုပ်လမ်းနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးတို့အတွက် မြို့မဈေး၌ နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီ အချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 11,2020
ပဲခူးမြို့၊ဥဿာမြို့သစ်၊ (၆)ရပ်ကွက် သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ယမန်နေ့နံနက်(၁၀) နာရီက လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်ရရှိသူများ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
Sep 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဝင်အထွက်များ၌ ကျန်းမာရေး စစ်ရေးရေဂိတ်ကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ခဲ့ရာ ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန က ကိုဗစ်-၁၉ ရောဂါ ကာလ စိုက်ပျိုးရေးလုပ်ငန်းများ အထောက်အကူပြု ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မိုးသီးနှံအစေ့ထုတ်ပြောင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန် က နောင်မြိုင်း ကျေးရွာအုပ်စု နောင်မြိုင်းရွာ တောင်သူ ဦးရှောက်ဆီး စိုက်ပျိုးထားသော CP-808 ပြောင်းစိုက်ခင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများ က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။