နယ်ရုံးများ၏သတင်းများ

Oct 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်စည်ကမ်းထိန်းသိမ်းရေးအဖွဲ့ကစစ်ဆေးခဲ့ကြောင်းသိရသည်။
Oct 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟို ပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှ ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းခွဲ ၄၉ ခုအား ပညာရေးနှင့် ကျန်းမာ ရေးဌာနများသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါ ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
Oct 22,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲရုံ(၁၇၆)ရုံတွင် တာဝန်ယူဆောင်ရွက်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများကို စနစ်တကျဆောင်ရွက်တတ်စေရန်အတွက် အသိပညာပေးသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အောင်ဆန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Oct 22,2020
ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး / ဆေးတိုက် အစီအစဉ် တွင် ပါဝင်သော သားအိမ်ခေါင်း ကင်ဆာရောဂါ အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ
Oct 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများအတွက် အသိပညာ ဗဟုသုတများကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် အသိပညာပေး နံရံကပ်ပိုစတာများကို ယမန်နေ့နံနက်ပိုင်းက ပြသ ဆောင်ရွက်ထား ရှိပေးခဲ့သည်။
Oct 20,2020
သာပေါင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိရေးအတွက် ဖွင့်ဖောက် စီစစ်ရေတွက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
Oct 20,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က‌ ရွှေသောင်ယံတွင် ဖွင့်လှစ်ထားသော Facility Quarantine Center အား ယနေ့နံနက်(၁၀)နာရီက ရွှေသောင်ယံမြို့အမှတ်(၁)ရပ်ကွက်ရှိ အ.မ.က(၇၉) ဂျိုင်လယ် စာသင်ကျောင်းသို့ တာဝန်ရှိသူများမှ ပြောင်းရွှေ့ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။