ငွေဆောင်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

ငွေဆောင် အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် လှူဒါန်းခြင်းကို ငွေဆောင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ခတ္တာလမ်း၌ ယနေ့ နံနက် ၈ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ငွေဆောင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ခတ္တာလမ်းနေ ဦးရဲမင်းထွန်း +ဒေါ်အေးထက်ထက်ငြိမ်းမိသားစုမှ ဦးဆောင်၍ ​​စေတနာရှင်၊ အလှူရှင်များ စုပေါင်းကာ ငွေဆောင်မြို့ အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ငွေကျပ်(၃၉၇၅၀၀) တန်ဖိုးရှိသည့် ဆန်(၁၀)အိတ်၊ ကြက်ဥအလုံး (၅၀၀)နှင့် နှာခေါင်းစည်း(mask) ၅၀၀ခု တို့ကို အိမ်ထောင်စု (၈၀)စုအား ခွဲဝေ၍ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)