ကန်ကြီးထောင့် အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုရန်အတွက် ရန်ကုန်မြို့မှ အလှူရှင်မိသားစု ပေးပို့လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများကို အလှူရှင်ကိုယ်စား တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အထောက်အကူပြုပစ္စည်းများ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဦးဝင်းသိန်း + ဒေါ်အင်ကြင်းခိုင် (Golden Puma Garments)ရန်ကုန်မြို့မှ ဒုတိယအကြိမ် ပေးပို့လှူဒါန်းသည့် PPE ဝတ်စုံ အစုံ ၅၀ ၊ Srigical Gown အစုံ ၁၀၀ စုစုပေါင်း ဝတ်စုံ ၁၅၀ ကို အလှူရှင်မိသားစုကိုယ်စား မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးဦးနှင့်အဖွဲ့မှ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စစ်ဆေးရေးဂိတ်များနှင့် လူမှုကူညီရေးအသင်းများသို့ သွားရောက် ပေးအပ်လှူဒါန်းခဲ့ပြီး တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)