မြန်အောင် နိုဝင်ဘာ ၄
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထဲမှ မြန်အောင်မြို့နယ်အတွင်းရှိ ရဲစခန်းများ တွင် အချုပ်ကျနေသူများအား ကြိုတင်ဆန္ဒမဲများပေးနိုင်ရန် ယနေ့နံနက်မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြန်အောင်မြို့နယ်အတွင်းရှိ ရဲစခန်းများတွင် အချုပ်ကျနေသူများအား ကြိုတင်ဆန္ဒမဲများ ပေးနိုင်ရန ်ဆောင်ရွက်ပေးလျက်ရှိရာ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးနေဝင်း ဦးဆောင်သောအဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များနှင့်အထူးရဲတို့ ပါဝင်သော အဖွဲ့ဖြင့် မြန်အောင်မြို့မရဲစခန်း အချုပ်ခန်းရှိ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်မှ အချုပ်ကျနေသူများထံမှ ကြိုတင်ဆန္ဒမဲကောက်ယူခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။
မြန်အောင်မြို့မရဲစခန်းတွင် အချုပ်ကျနေသူများအား ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို မြန်အောင်မြို့ မရဲစခန်းမှူး ဒုရဲမှူးကျော်ညွန့် ဦးဆောင်သောရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)