လေးမျက်နှာ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် လဟာကြီးကျေးရွာအုပ်စု၊ စဉ်ကူးကျေးရွာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအား မိတ်ဆက်ရှင်းလင်းပြီး ကော်မတီရွေးချယ်ခြင်းကို ဆောင်ရွက်သည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းကျေးရွာ(၇)ရွာ ဆောင်ရွက်မည်ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၁၀၀)စီဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင် အထည်ဖော်နိုင်တော့မည်ဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို များစွာအကျိုးပြုမည် ဖြစ်ကြောင်းသိရသည်။
ဝေဝေ(လေးမျက်နှာ)