ဟင်္သာတ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်မည့် ကိုင်းတောကွင်းကျေးရွာအုပ်စု၊ လဟာက ကျေးရွာနှင့် ရိုးကြီးအုပ်စု၊ ဖလံတောင်မွေးကုန်း ကျေးရွာတို့တွင် ယနေ့နံနက် ၉ နာရီအချိန်တွင် စီမံကိန်းလုပ်ငန်းများ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သန္တာစိုးက စီမံကိန်းနှင့် ပတ်သတ်၍ မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာစိတ်ဓာတ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ကျေးလက်နေပြည်သူများ၏ ရပိုင်ခွင့်များနှင့် တာဝန်များကိုရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများ၏ သဘောဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ရွေးချယ်ခြင်းတို့ကို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)