ဒေးဒရဲမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ(၁၄)ဦး ထပ်မံတွေ့ရှိ

ဒေးဒရဲ   ဒီဇင်ဘာ  ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်လေးအိမ်တန်းကျေးရွာအုပ်စု၊ စိန်လေးကုန်း ကျေးရွာသို့  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် အမြန်သွေးစစ်ကိရိယာ (RDT) test kits ဖြင့် သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် စိန်လေးကုန်းကျေးရွာရှိ နာရေးအိမ် ရက်လည်ဆွမ်းသွတ်သို့ ကြွရောက်ခဲ့သည့် သက်တော် (၄၆)နှစ်ရှိ ဘုန်းကြီး(၁)ပါး  ကိုဗစ်-၁၉ ပိုးတွေ့ရှိရာမှ နာရေးအိမ်သို့ လာရောက်ခဲ့သည့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသား များအား  ကျေးရွာတွင် FQ ထားရှိ၍ အမြန်သွေးစစ်ကိရိယာ (RDT) test kits ဖြင့် စစ်ဆေးခဲ့ရာ စိန်လေးကုန်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ဇီးဖြူချောင်းကျေးရွာနှင့် လေးအိမ်တန်းကျေးရွာ တို့တွင် နေထိုင်သည့်  အမျိုးသား(၈)ဦး၊ အမျိုးသမီး(၆)ဦး၊ စုစုပေါင်း(၁၄)ဦး ထပ်မံပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာများအား ဒေးဒရဲမြို့ရှိ အထက(၃)နှင့် သာသနာ့ဗိမာန်  (ယာယီဆေးရုံ) တို့တွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွား မည်ဖြစ်သည်။

ဒေးဒရဲမြို့နယ်အနေဖြင့် ယနေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၃၆၀)ဦး၊ ဆေးရုံ ဆင်းခွင့်ရရှိသူ (၂၉၁)ဦး၊ ဆေးကုသမှုခံယူနေသူ (၆၉)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)