ဒေးဒရဲ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သနပ်ခါးအမည်ခံ အလှကုန်များတွင် ကုန်အညွှန်းအမှတ် အသားများအား အလွယ်တကူ သိရှိနိုင်စေရန်နှင့် အလှကုန်သုံးစွဲသူ ပြည်သူများအား ဘေအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ စည်ပင်သာယာ မြို့မဈေး အတွင်း၊ အပြင်ရှိ စတိုးဆိုင်နှင့် အလှကုန်ပစ္စည်း အရောင်းဆိုင် များတွင် ရောင်းချလျက်ရှိသော အလှကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါဝင်မှု ရှိ/မရှိကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် များ၊ မြို့မဈေးရှိ တာဝန်ရှိသူများလိုက်ပါပြီး စည်ပင်သာယာမြို့မဈေးအတွင်း၊ အပြင်ရှိ စတိုးဆိုင်နှင့် အလှကုန်ပစ္စည်း အရောင်း ဆိုင်များတွင် ရောင်းချလျက်ရှိသော အလှကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါဝင်မှု ရှိ/မရှိကို ရှောင်တခင်စစ်ဆေးခဲ့ပြီး အလှကုန်သုံးစွဲသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု မရှိသည့် သနပ်ခါးအမည်ခံ အလှကုန် ပစ္စည်းများအား ရောင်းချခြင်း မပြုကြရန်နှင့် ဈေးရောင်းချသူများအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပါရှိသော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရေး ပူးပေါင်းစစ်ဆေးသည့်အဖွဲ့က အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)