နယ်ရုံးများ၏သတင်းများ

Jan 12,2021
အင်္ဂပူမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကွင်း‌ကောက် အ-ထ-က (Community Based Facility Quaratine Centre)သို့ ကျန်းမာရေး အ‌ထောက်အကူပြုပစ္စည်းများကို ယမန်‌နေ့ ညနေ ၅ နာရီက ပေးအပ်‌ထောက်ပံ့ခဲ့ကြောင်း သိရသည်။
Jan 12,2021
မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ စည်ပင်သာယာ​ရေးအဖွဲ့ပိုင်စျေးများ၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် စျေးများမီးဘေးလုံခြုံရေး စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အပြီး ဆောင်ရွက်ရမည့် ဆည်မြောင်းလုပ်ငန်းများနှင့် ပုံမှန်ဆောင်ရွက်ရသည့် လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီရေးနှင့် အချိန်မီပြီးစီးရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ညွှန်ကြားရေးမှူးဦးကြည်ဆွေနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်သန်းဦး တို့သည် ဇန်နဝါရီ(၉)ရက်မှ(၁၁)ရက်နေ့အထိ ဖျာပုံခရိုင်အတွင်းရှိ ဆည်မြောင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်း​စစ်ဆေးရာ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေးနှင့် ဒေးဒရဲမြို့နယ် ဦးစီးအရာရှိများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းဆွေးတင်ပြကြသည်။
Jan 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ​ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင်(၂၀၂၀ - ၂၀၂၁) ဘဏ္ဍာနှစ် ငွေလုံးငွေရင်းလုပ်ငန်းများ၌ တင်ဒါအောင်မြင်ခဲ့ သည့် ရွှေအောင်လံကုမ္ပဏီမှ ဆောင်ရွက် လျက်ရှိသော နှစ်ခန်းတွဲအရာရှိအိမ်ယာနှင့် အမှတ်(၃)ရပ်ကွက် အောင်ဇေယျ လမ်းသွယ် မြေရော ကျောက်ခင်းခြင်းနှင့်pite culvert တံတား(၁)စင်း၊ အမှတ်(၁)ရပ်ကွက် သီရိအောင် မြေလမ်းတွင် pite culvert တံတား(၁)စင်း၊ အမှတ်(၁)ရပ်ကွက် သီရိအောင်မြေလမ်းမကြီးတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ယမန်နေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
Jan 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေး ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပ ထွက်ပါက နှာခေါင်းစည်း(Mask) တပ်ဆင်ပြီးသွားလာရန်နှင့် (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 12,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ ပထမဆုံးအကြိမ်ဌာနပေါင်းစုံ သုတေသနနည်း စနစ်သင်တန်းအား Onlie မှ Virtual စနစ်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီမှ စတင်ဖွင့်လှစ်လျက်ရှိကြောင်း မြစ်ကြီးနားတက္ကသိုလ် စိတ်ပညာဌာနမှ ဒေါက်တာအောင်ကိုကိုလင်းထံမှ သိရသည်။
Jan 05,2021
စာပေစေတမန်(စာပေသုခုမရင်ပြင်)၏ နဝမအကြိမ်မြောက် ဂုဏ်ပြုဆုချီးမြင့်ပွဲနှင့် စာအုပ်စာစောင်လှူဒါန်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်စံပြကျေးရွာ စာပေစေတမန် (စာပေသုခုမရင်ပြင်) ၌ ကျင်းပပြုလုပ် ခဲ့သည်။
Dec 28,2020
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​ မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံး၌ ယနေ့နံနက်(၁၀)နာရီက မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ ကြီးမှူး၍ က​လေးသူငယ် ကာကွယ်​ စောင့်ရှောက်​ရေး အသိပညာ​ပေး ​ဟော​ပြောပွဲပြုလုပ်ခဲ့သည်။