ဒေးဒရဲမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာများစိုက်ထူ

ဒေးဒရဲ  ဒီဇင်ဘာ ၁၆

ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ  ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ ပေးမြေစိုက်ပိုစတာများကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာမြေစိုက်ပိုစတာများကို ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက တာဝန်ရှိသူများက ဒေးဒရဲမြို့အတွင်း လူစည်ကားရာနေရာဖြစ်သည့်  ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ် လမ်းထောင့် မြို့မဈေးသို့သွားရာလမ်းထိပ်တွင် မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မီးလောင်နေစဉ်တွင် လိုက်နာရန် အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ၊ မီးငြိမ်းပြီးပါက ပြုလုပ်ရန်အချက်များ၊ မီးလောင်မှုဖြစ်ပွားသည့် ပုံစံနှင့် မီးငြှိမ်းသတ်ရန် နည်းလမ်းများအား ပြည်သူများ သိရှိနိုင်ကြစေရေး အသိပညာပေး စိုက်ထူထားခဲ့ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)