ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၇)ဦး ထပ်မံတွေ့ရှိ

ဒေးဒရဲ   ဒီဇင်ဘာ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စိန်လေးကုန်းကျေးရွာ နာရေးအိမ်သို့ လာရောက်ခဲ့သည့် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား သက်ဆိုင်ရာ ကျေးရွာများတွင် FQ ထားရှိပြီး  မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ကျေးရွာအရောက် ကွင်းဆင်း၍ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာန (NHL)သို့ နိုဝင်ဘာလ ၂၀ရက်နေ့၌ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအား ဒေးဒရဲမြို့နယ် စိန်လေးကုန်း ကျေးရွာ၊ သောကြာကျေးရွာနှင့် ဇီးဖြူချောင်ကျေးရွာတို့တွင် ဖွင့်လှစ်ထားသည့် Facility Quarantine Centre များတွင် Quarantine ထားရှိသူ (၂၇၉)ဦး၏ Swab နမူနာများကို အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာန (NHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ အမျိုးသား()ဦး၊ အမျိုးသမီး()ဦး၊ စုစုပေါင်း ()ဦး ထပ်မံပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာများအား ဒေးဒရဲမြို့ရှိ အထက()နှင့် သာသနာ့ဗိမာန် (ယာယီဆေးရုံ)တို့တွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အနေဖြင့် ယနေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၃၈၃)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၃၂၈)ဦး၊ ဖျာပုံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသူ ()ဦး၊ ဒေးဒရဲမြို့ အထက()နှင့် သာသနာ့ဗိမာန် (ယာယီဆေးရုံ) တို့တွင် ဆေးကုသမှုခံယူနေသူ (၅၂)ဦး၊ စုစုပေါင်း ဆေးကုသမှု ခံယူလျက်ရှိသူ (၅၅)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)