ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျိုက်လတ်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

ကျိုက်လတ်   ဒီဇင်ဘာ        ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့နှင့် ပူးပေါင်း၍  ယနေ့ နေ့လယ် (၁) နာရီက စာရေးဆရာအောင်သင်း ရေးသားသော ''နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ '' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့် က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာအောင်သင်း ရေးသားသော  ''နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ'' စာအုပ်အား Book Club အဖွဲ့ဝင် ဦးအောင်ဇာနည်ထွန်းက ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရီရီမြင့် (ပြန်/ဆက်)