နယ်ရုံးများ၏သတင်းများ

Sep 12,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ၁၀ ရက်နေ့၊ ညနေ(၆)နာရီအချိန်က (၂၉)ဦးနှင့် ယမန်နေ့မွန်းလွဲ (၃)နာရီခွဲအချိန်က (၁)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၃၀)ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
Sep 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော်ဘုရားကြီးအနီး လမ်း (၅)လမ်းဆုံနေရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ စနစ်တကျမောင်းနှင်စေရန်ရည်ရွယ်၍ အဝိုင်းပတ် တည်ဆောက်ခြင်းလုပ်ငန်းများကို Willian Sky ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
Sep 11,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီမှ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကို ပိုမို ထိရောက်စေရန် မြို့အဝင်/အထွက်ဂိတ်များကို ယခင်ကထက် ကြပ်မတ်စစ်ဆေးလျှက်ရှိပြီး မန္တလေး သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများလည်း ယနေ့မှစ၍ ယာယီရပ်နားထားကြောင်း သိရသည်။
Sep 11,2020
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့တွင် နေထိုင်သူ(၁)ဦးနှင့် မိသားစုဝင်(၆)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် ဒုတိယအကြိမ် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ရယူခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်ခန့် က ဆောင်ရွက်သည်။
Sep 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ မြို့အဝင်/အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ ပြင်ပသို့ သွားလာသူများကို ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် ယနေ့နံနက်ပိုင်းအချိန် က စတင်ပြီး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သည်။
Sep 11,2020
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအား တစ်ဦးလျှင် ကျပ်ငွေ (၁၅၀၀၀)နှုန်းဖြင့် (၃)လ(၁)ကြိမ် အစီအစဉ်ဖြင့် (၆)လစာအတွက် တစ်ဦးလျှင် ကျပ်ငွေ (၉)သောင်းကျပ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
Sep 11,2020
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာမိုးညဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် တာမိုးညဲဌာနေပြည်သူ့စစ်တို့ ဝိုင်းဝန်းပူးပေါင်းပြီး နှာခေါင်းစည်းစုစုပေါင်း (၂၅၀၀)ခုကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့် က တာမိုညဲမြို့၊ စည်ပင်သာယာဈေးတွင် ပြည်သူလူထုများထံ အခမဲ့ဖြန့်ဝေသည်။