ကျောက်ကြီးမြို့နယ်၌ ကိုဗစ်−၁၉ အသိပေးလှုံဆော်မှုများ ဆောင်ရွက်

ကျောက်ကြီး ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်−၁၉ အသိပညာပေး လှုံဆော်မှုများကို ယနေ့ နံနက်(၈)နာရီ အချိန်က လူစည်ကားရာ စျေးလမ်းဆုံနှင့် ဆိပ်ကြီးကျေးရွာမြို့ပေါ်(၇) ရပ်ကွက်ရှိ လမ်းမများ၌ အသိပညာပေးလှုံဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လှုံ့ဆော်ဆောင်ရွက်ရာတွင် ကျောက်ကြီးမြို့နယ်အတွင်း၌ ယနေ့အထိ ကိုဗစ်−၁၉ ရောဂါပိုး တွေ့ရှိ သူပေါင်း (၃၆)ဦး ရှိပြီဖြစ်သည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များဖြစ်သော ပြည်သူလူထု အနေဖြင့် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ကာကွယ် နိုင်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်ဘက်သို့ ထွက်ခွာခြင်းမပြုရန်၊ လက်ကိုရေနှင့် ဆပ်ပြာအသုံးပြု၍ စက္ကန့်(၂၀)ကြာ အောင် စနစ်တကျ မကြာခဏဆေးကြောရန်၊ အခြားသူများနှင့် အနည်းဆုံး(၆)ပေအကွာမှသာ ပြောဆိုဆက်ဆံရန်၊ နှာချေ ချောင်းဆိုးသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းကို စနစ်တကျ လုံခြုံစွာ ဖုံးအုပ်ရန်၊ ကိုယ်လက်လှုပ်ရှား အားကစားများ ပြုလုပ်ရန်၊ အိပ်ရေးဝအောင် အိပ်စက်အနားယူရန်နှင့် အာဟာရပြည့်ဝအောင် စားသုံးရန်စသဖြင့် ကိုဗစ်−၁၉နှင့်ပတ်သက်၍ အသိပေးလှုံ ဆော်မှုများပြုလုပ်ခဲ့သည်။ ရပ်ကွက်ကျေးရွာများ တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်နှင့် ဆိုင်ထိုင်ရောင်းချမှုများ မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် အကြောင်းကြားချက်များ အားလှုံဆော်ပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်−၁၉ အသိပညာပေး နံရံကပ်စာစောင်များကို လှည့်လည်ပြသခဲ့ကြောင်း သိရ သည်။                                                                                            

K ခိုင်