နယ်ရုံးများ၏သတင်းများ

Dec 04,2020
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြည်သူများ ဘေးထွက် ဆိုးကျိုးမဖြစ်စေရန် အတွက် နိုင်ငံတော်မှ တရားဝင် တားမြစ်ထားသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်အတွက် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးဆိုင်များသို့ အသိပေးကြေငြာထား လျက်ရှိပြီး လိုက်နာမှု ရှိ/မရှိအား မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးနှင့် မိတ်ဖက်အဖွဲ့ဖြစ်သည့် မြို့နယ်အဆင့် စားသုံးသူရေးရာ ကော်မတီဝင်ဌာနဆိုင်ရာများအား ယမန်နေ့ နံနက် ၁၀ နာရီတွင် ဈေးဆိုင်များအား စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Dec 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသည် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုလျော့ကျစေရန် ရည်ရွယ်၍ မြို့တွင်းရှိစျေးများအား လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 03,2020
ကချင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ ကိုဗစ် - ၁၉ ဓာတ်ခွဲနမူနာများကို မန္တလေးမြို့ရှိ အမျိုးသားဓာတ်ခွဲဌာနသို့ ပို့ဆောင်ပေးလျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်း(၁)ဦးနှင့်အတူ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးမောင်မောင်ချို ဦးစီးမှူး (တတိယ) တန်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးအောင်မြတ်သူ (ဒုတိယ) မြို့နယ်တပ်ဖွဲ့မှူးတို့ လိုက်ပါလျက် ယမန်နေ့ နံနက် ၅ နာရီတွင် မြစ်ကြီးနားမြို့နယ်မှ မန္တလေးမြို့သို့ ပဉ္စမအကြိမ် ပို့ဆောင်လျက်ရှိကြောင်းသိရသည်။
Dec 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်အုပ်စု ၊သောင်ဘုတ်ရွာနှင့် အလယ်ကျွန်းကျေးရွာတို့တွင် နိုဝင်ဘာလ ၂၆ ရက်က ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွေ့ ခဲ့ရသောအိမ်ခြေ(၆)လုံးအတွက် ယမန်နေ့ မွန်လွဲ(၁၂:၃၀) နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
Dec 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အနှေးယာဉ်(ဆိုက္ကား) လိုင်စင်သက်တမ်းတိုးခြင်းကို ဒီဇင်ဘာ(၁) ရက်နေ့မှစပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး၌ စတင်ပြုလုပ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
Dec 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကြီးပေါက်ကုန်းအုပ်စု၊ ဒေါင့်ကွေးကျေးရွာသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 23,2020
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိ ပညာပေး အချက်များ ပါဝင်သည့် နံရံကပ်စာစောင်များကို ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံ ကပ်ဘုတ်တွင် ပြသထားကြောင်း သိရသည်။