ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

ကော့မှူး ဇူလိုင် ၇
 
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ များ ရှိလာပြီဖြစ်သဖြင့် ရောဂါ ကူးစက်ပြန့်ပွားမှု မရှိ‌စေရေးအတွက် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအတွက် နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်း စည်း Mask တပ်ဆင်သွားလာ‌စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက မြို့သစ်ရပ်ကွက် ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေးအတွက် အသိပညာပေး ဆောင်ရွက်နေ ကြောင်း သိရသည်။
 
အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူး‌ပေါင်း၍ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
 
ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်‌ ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များက မြို့နယ်အတွင်း ဖြတ်သန်းသွားလာကြသော ကားများ၊ ဆိုင် ကယ်များ၊ ဆိုက်ကားများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နေ့စဉ်နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာ ခေါင်းစည်း Mask တပ်ဆင်သွားလာ‌စေရေး နှာခေါင်းစည်း Mask တပ်ဆင်သွာလာခြင်း မရှိသူများအား နှာခေါင်း စည်း Mask များအခမဲ့ ဖြန့်‌ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများအား နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
ကျော်သူရ