လှည်းကူး ဇူလိုင် ၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သည့်အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ လယ်တွင်းသား စောချစ်၏ “ပန်းလိုချင် အပင်ပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ် စာထောက်-၃ ဒေါ်သင်းမြတ်သော်က မိဘနှင့် ဥယျာဉ်မှူး၊ ပန်းလိုနုနယ်ကလေးငယ်၊ ဗီဇနှင့် ပတ်ဝန်းကျင်၊ အပြစ်နှင့် တန်ရုံဆုံးမပါ၊ မိဘနှင့်သားသမီး၊ ဒေါသဖြင့် မရိုက်သင့် အစရှိသော မိဘကောင်းတိုင်း သတိထားပြီး ရှောင်ရှားသင့်သော အကြောင်းအရာ များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့ဝင်များမှ အမြင်ချင်း ဖလှယ်သည့်အနေဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သင်းမြတ်သော်