နယ်ရုံးများ၏သတင်းများ

Nov 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက် နှစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ (၉)ဦး ရှိကြောင်း ကျန်းမာရေးဌာနကသိရသည်။
Nov 11,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ပေါ် (၄)ရပ်ကွက်၌ ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
Nov 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အသွားအလာကန့်သတ် (Facility Quarantine) ထားရှိသူများ၊ ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ဘိုကလေးကုတင်(၁၀၀) ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးဝါး ကုသခံယူနေသူများအား နေ့စဉ် ထမင်း၊ဟင်း ချက်ပြုတ်ပေးပို့လျက်ရှိသည့် သုခဝေဖြာပရဟိတ ဖောင်ဒေးရှင်းသို့ ယမန်နေ့ ညနေ(၅) နာရီခန့်၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အလှူငွေ သိန်း(၃၀)ကျပ်အား‌ လှူဒါန်းခဲ့ကြသည်။
Nov 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာ ယနေ့အချိန်ထိ (၃၁)ဦးရှိပြီဖြစ်ရာ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့မှ ကျန်းမာရေး ဝန်ထမ်းများက ဂရုစိုက်ကြပ်မတ်ကုသခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။
Nov 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး‌ကော်မတီ (၅/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 06,2020
ချင်းပြည်နယ် ဖလမ်းခရိုင် ခိုင်ကမ်းမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီစနစ်တကျပြင်ဆင်ထားရှိမှု အခြေအနေများကိုယနေ့ နံနက်ပိုင်းတွင် စတင်၍ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Nov 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲနေ ့တွင် မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် အိမ်တိုင်ရာရောက် ဆန္ဒမဲကောက်ယူခြင်းကို ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့၌ ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။
Nov 06,2020
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များ၊မြို့နယ်‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံ၍ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပသည်။