ပုဇွန်တောင်မြို့နယ် Community Center ခန်းမတွင် “မူးယစ်ဆေးဝါးအန္တရာယ်” အသိပညာပေး Talk Show ဆောင်ရွက်

ပုဇွန်တောင် ဇွန် ၂၆ 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ယနေ့ နေ့လယ် (၁၂)နာရီအချိန်က "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်" အသိပညာပေး Talk Show ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဒေါက်တာအောင်ကိုဦးမှ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကိုစတင်၍ အသုံးပြု လာပုံ၊ လူငယ်များနှင့် စိတ်ကြွရူးသွပ်ဆေးပြား အန္တရာယ်၊ မူးယစ်ဆေးဝါးနှင့်ပတ်သတ်သည့် ဆောင်ရန် ရှောင်ရန်များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဆောင်ရွက်ရမည့် နည်းလမ်းများစသည့် အကြောင်းအရာများကို အသေးစိတ်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Talk Show ကို အများပြည်သူနှင့် လူငယ်များဗဟုသုတရရှိစေရန်အတွက် ပုဇွန်တောင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း သိရှိရသည်။

မြတ်သိရိခိုင်