ပန်း​တောင်းမြို့၌ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ကိုဗစ်-၁၉ စည်ကမ်းချက်များ နှင့် အညီ ရောင်းချရေး အသိပညာပေးစစ်ဆေး

ပန်းတောင်း ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ် ရွှေဘုံသာ၊ ဆင်တဲတွင် စားသောက်ဆိုင် များနှင့် လက်ဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင် ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ် လ.ဝ.က ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ မြို့တွင်း လှည့်လည် စိစစ်ရေး ကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်စစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆိုင်အဝင်တွင် လက်သန့်ဆေးရည်၊ ဆပ်ပြာနှင့် ဘေစင်များ စနစ်တကျ ထားရှိရေး၊ ပါးစပ်နှာခေါင်းစည်း Mask နှင့် Face Shield များ တပ်ဆင်၍ စနစ်တကျ ရောင်းချရေး၊ စားသုံးသူများကိုလည်း ဆိုင်အဝင်၌ လက်သန့်စင်စေပြီး ကိုယ်အပူချိန်တိုင်းတာပေးကာ စနစ်တကျ Mask တပ်ဆင်စေပြီးမှ ဝင်ရောက် ခွင့်ပြုရေး၊ ဆိုင်အတွင်း တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေး၌သာ ဝယ်ယူစားသုံးနိုင်ရန် ဆောင်ရွက်ထားရှိရေး စသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားမှုမှ ကာကွယ်နိုင်ရေး စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရောင်းချရေးတို့ကို သက်ဆိုင်ရာ ဆိုင်ပိုင်ရှင် များ၊ ဆိုင်ဝန် ထမ်းများနှင့် တွေ့ဆုံဆွေးနွေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။