လေရှီး ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှိးမြို့နယ် နမိယူပီအုပ်စု နမိယူပီရွာမ တောင်သူ အဘ ဦးမောင်ကျော်(၁)၏ လယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ ဧည့်မထ စပါးပျိုးအုပ်စု တွင် ပါဝင်သည့် ထိုင်းနှံကောက်စပါးမျိုးအား ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က သွားရောက် စမ်းသပ်စိုက်ပျိုးခဲ့သည်။
ထိုသို့ သွားရောက်စိုက်ပျိုးရာတွင် တောင်သူဦးရေ(၈) ဦး၊ စိုက်ပျိုးရေးဝန်ထမ်း (၇) ဦး၊ မြေစာရင်း ဌာနမှ(၁)ဦး၊ ပြန်/ဆက်(၁)ဦး ပေါင်း(၁၇)ဖြင့် စိုက်ဧက(၁)ဧကအား စမ်းသပ်စိုက်ပျိုးခဲ့ပြီး ထိုင်းနှံ ကောက်စပါးမျိုးကို လေရှီးမြို့နယ်အတွင်းရှိ နမိယူပီအုပ်စု၊ ဟိန်ကွတ် အုပ်စု၊ ရန်နွေးအုပ်စု၊ လေတိန် အုပ်စု၊ ထိန်ဖာရံအုပ်စုစသည့် (၅) အုပ်စုအား (၁၈)ဧကအတွက် စပါး(၁၈) တင်းကို ခွဲဝေဖြန့် ပေးခဲ့ပြီး စမ်းသပ် စိုက်ပျိုးလျက်ရှိသည်။
၄င်းစပါး၏ သက်တမ်းကာလသည် စိုက်ပျိုးသည့်ရက်မှ ရက်ပေါင်း(၁၁၀)နှင့် (၁၁၅)ကြား အထိ ကြာမြင့်ပြီး ပုံမှန်အားဖြင့် (၃)လကျော်ကြာ မြင့်ကာ မိုးစပါများနှင့်အတူ သိမ်းဆည်းရိပ်သိမ်းနိုင် မည်ဖြစ်ပြီး အဆိုပါစပါးမျိုးသည် အထွက်နှုန်းကောင်းပြီး တောင်ပေါ်ဒေသနှင့် ကိုက်ညီ သည်ဟု ယူဆရသောကြောင့် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းဝါ ၏ ပြောကြားချက်အရ သိရသည်။
ဆိုင်းသား