ဝေါ ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ် ရန်အတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများလိုက်နာ၍ သွားလာနေထိုင်ကြရန် အသိ ပညာပေး Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ယနေ့ နံနက်(၈) နာရီအချိန်က ဝေါမြို့၊ ရန်ကုန်- မော်လမြိုင်လမ်းမကြီးဘေး ဘူတာလမ်းဆုံ၌ စျေးသွား၊ စျေးဝယ်သူ များနှင့် ခရီးသွားပြည်သူများအား (Mask) များ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအချိန်သည် ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်မားလာသည့်အတွက် ပြည်သူတွေ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာစေ ရန်အတွက် မြို့ပေါ်လူစည်ကားရာ နေရာတိုင်းမှာ Mask Campaign များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရပြီး Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှု ကူညီရေးအဖွဲ့ ပူးပေါင်း၍ Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
အောင်မြတ်လင်း