စလင်းမြို့နယ် ပေါက်ရင်းကုန်းကျေးရွာအုပ်စုတွင် ပန်းခင်းစိမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ဆောင်ရွက်

စလင်း ဇူလိုင်၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပေါက်ရင်းကုန်းကျေးရွာအုပ်စုရှိ မိသားစုဝင်များအား မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစိးဌာနမှဝန်ထမ်းများက နိုင်ငံသားစိစစ် ရေးကတ်ပြားမ ရရှိသေးသည့် ပြည်သူလူထုများအား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရန် အတွက် ယနေ့ နံနက် ၈ နာရီအချိန်က ပေါက်ရင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး အိမ်တွင် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စလင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ မြို့နယ်ဦးစိးအရာရှိ ဦးတင်အေးနှင့်ဝန်ထမ်းများက ပန်းခင်းစိမံချက်ဖြင့် နိုင်ငံ သားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ရာတွင်ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား များ၏အသုံးဝင်မှုနှင့် ပျောက်ဆုံးပျက်စိးမှုမရှိစေရေး၊ စနစ်တကျကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေးဆွေးနွေးခဲ့သည်။ အဆိုပါကျေးရွာ၌ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် ကျောင်းသားကျောင်းသူကလေးများနှင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မပြုလုပ်ရသေးသူများအား ကျန်းမာရေး ဦးစိးဌာနမှ ဓာတ်ခွဲမှူးဦးမြင့်ဆောင်မှ သွေးအမျိုးအစားများသိရှိိစေရန် သွေးဖောက် စစ်ဆေး ခြင်းများပြုလုပ်ခဲ့ပြီး အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား များကို နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်သူများနှင့် ပြောင်းရွှေ့နေထိုင်သူများကို စာရင်းကောက်ယူပေးခဲ့သည်။

ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများ အား နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေးရခြင်းကို ၂၀၂၁ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ အထိ ကွင်းဆင်းဆောင်ရွက်နေပြီဖြစ်ကြောင်းကို စလင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစိးအရာရှိ ဦးတင်အေးထံမှသိရှိရသည်။

မောင်လွင်(စလင်း)