နယ်ရုံးများ၏သတင်းများ

Dec 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေ များဖြင့် မြို့ရွာဖွံ့ဖြိုးတိုးတက်စေရေး လမ်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (၃)လပတ် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်စုစုပေါင်း ၄၁၉၀၉၀၀၀သိန်းဖြင့် လမ်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်း ၁၁ ခုကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ဒီဇင်ဘာလ ၂၁ရက်နေ့ နံနက် (၈:၃၀)နာရီ အချိန်က စတင်ပြီး ကိုဗစ်-၁၉ ကာလ သတ်မှတ်စည်းကမ်းများနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေး စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Dec 24,2020
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် Online မှတစ်ဆင့် ပြုလုပ်ခဲ့သည့် ကဗျာ ရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသူများကို ယနေ့ နံနက် ၁၁ နာရီတွင် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြေင်းသိရသည်။
Dec 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စည်ပင်သာယာရေးကော်မတီ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့်ဆောင် ရွက်မည့်လမ်းတံတားနှင့် အခြားလုပ်ငန်းများအား ယမန်နေ့ နံနက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 23,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် ကားလမ်းကို အသုံးပြု၍ ကန်ပိုက်တီ နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောသီး တင်ယာဉ်များဖြင့်‌ နေ့စဉ့်် ပို့ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲခန့်၊ ဦးကျော်ထူး မောင်းနှင်သည့် (၂၂) ဘီးယာဉ်သည်တစ်သျှူး ငှက်ပျောသီး ပို့ဆောင်ပြီးအပြန် မိုင်တိုင်အမှတ် (၄၀/၄၁) ကြားတွင် အရှိန်လွန်တိမ်းမှောက်သွား ကြောင်းသိရသည်။
Dec 23,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Dec 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီမှ မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒနှင့် မဟာဗျူဟာ မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ခရုခွံအလှဆင် လက်မှုပညာ သင်တန်း ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ပြုလုပ်ခဲ့သည်။