နမ္မတူ ဇူလိုင် ၈
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါ မိမိကစကာကွယ်ပါ၊ ကိုဗစ်-၁၉ ရောဂါ အတွက် တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး/သတိပေး ပြောကြားရမည့် အချက်များ၊ ရောဂါကူးစက်မှုမှ ကာကွယ်ရန် မပျက်မကွက် လုပ်ဆောင်ရမည့်အချက်များ၊ အပြင်မှပြန်လာချိန်/ အိမ်ပြန်ရောက်ချိန်တွင် မပျက်မကွက်လုပ်ဆောင်ရမည့် အချက်များ၊ တတိယလှိုင်း ကိုဗစ်ဗီဇမျိုးကွဲ၏ လက္ခဏာများ၊ ကိုဗစ်-၁၉ ကာလဝယ် ကျန်းမာအောင်နေကြမယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ပတ်သက်သော မေးခွန်းနှင့်အဖြေ စသည့်အကြောင်းအရာများ ပါဝင်သော မြေစိုက်နံရံကပ်ပြဘုတ်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပြသဆောင်ရွက် ထားကြောင်း သိရသည်။
လူမော်