ရွှေတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် နေ့စဉ်လှည့်လည် အသိပေးကြေညာ

ရွှေတောင် ဇူလိုင် ၂၆

ပဲခူးတိုင်း​ဒေသကြီး၊ ​ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်‌ နေ့လယ်(၁၂)နာရီအချိန်က ​မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်‌ထွေအုပ်၊ တပ်မ‌တော်၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်/ဆက် ဦးစီးဌာနတို့ ပူးပေါင်း၍ ရွှေတောင်မြို့ပေါ်ရှိ ရပ်ကွက်များနှင့်‌ ကျေးရွာအုပ်စုများသို့ အသံချဲ့စက်ဖြင့်‌နေ့စဉ်လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်ချက်များတွင် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးမှာ ဇူလိုင်လ(၂၆)ရက် နေ့မှ ဩဂုတ်လ(၁)ရက်နေ့ အထိ ထူးခြားအ‌ခြေအ‌နေအရ မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့် လက်‌အောက်ခံ အစိုးရဘဏ်ပုဂ္ဂလိဘဏ်မျမှ အပ တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်ဖြင့် သတ်မှတ်‌ကြေညာခြင်း၊ ရွှေတောင်မြို့နယ်အတွင်းရှိ‌ ဈေးများအားလုံးကို နံနက်(၆)နာရီမှ (၉)နာရီအထိသာ ရောင်းချရန်၊ အခြေခံစားသောက်ကုန်ရောင်းချသည့် ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ လက်ဘက်ရည် ဆိုင်များ၊ ဆိုင်ထိုင်ရောင်းချခွင့် မပြုဘဲ Take Away စနစ်ဖြင့် နံနက်(၁၁)အချိနိထိသာ ရောင်းချရန်၊ မြို့နယ်နယ်နိမိတ်အတွင်း နံနက်(၆)နာရီမှ(၁၁)နာရီအထိသာ ဈေးဝယ်ခွင့်လက်မှတ်ဖြင့်သာ သွားလာ ရန်၊ နံနက် (၁၁)နာရီနောက်ပိုင်း ကျန်းမာရေးကိစ္စမှအပ နေအိမ်သို့ သွားလာရေးမပြုရန်၊ နံနက်(၁၁) နာရီနောက်ပိုင်း မည်သူတစ်ဦးတစ်ယောက်မှ နေအိမ်ပြင်ပသွားလားခြင်း မပြုရန်နှင့် ပူးပေါင်းအဖွဲ့မှ တွေ့ရှိပါက ဒဏ်ငွေ(၁၀၀၀၀)ပေးဆောင်းရမည်ဖြစ်ပြီး စားသောက်ဆိုင်၊ စတိုးဆိုင်၊ ကွမ်းယာဆိုင်များ အပါအဝင် နံနက်(၁၁)နာရီထိသာ ရောင်းချရန်နှင့် စီစစ်တွေ့ရှိပါက ဒဏ်ငွေ(၅၀၀၀၀)ပေးဆောင်ရန်၊ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ မိမိတို့အိမ်တွင်ပြင်ပမှ လာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူမိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ‌ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါ၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကိုရှောင်ပါ၊ မိမိတို့နေအိမ်များ ကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြပါရန် စသည့်အချက်များကို‌ ရွှေတောင်မြို့နယ်ရှိ ပြည်သူများအား လိုက်လံအသိ‌ပေးနှိုး‌ဆော်ခဲ့ကြောင်း သိရှိရသည်။

ကိုကိုမင်း