ပေါင်းတည် ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ပေါ်ရှိ Facility Quarantine Centre တွင် Quarantine ဝင်ရောက်နေသူများကို ယနေ့ နံနက်ပိုင်းက အစားအသောက်များ လှူဒါန်းခဲ့ ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် Quarantine ဝင်နေသူများ အဆင်ပြေစေရန်အတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ ကြာဇံကြော် (၁၃၁) ဘူး လှူဒါန်းခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင် တို့မှ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်