သာယာဝတီ ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီထိ ပိုးတွေ့ လူနာသစ် (၉၄) ဦးတွေ့ရှိရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူပေါင်း (၆၄၈) ဦးရှိပြီး သေဆုံးသူ (၁၈) ဦး ရှိကာ ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ခရိုင်ပြည်သူ့ဆေးရုံ၊ အ.ထ.က (၁) သာယာဝတီ၊ အ.ထ.က (သုံးဆယ်) တို့တွင် ထားရှိပြီး ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ပိုးရှိ/မရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့တွင် ဇွန်လ ၇ ရက်နေ့မှစ၍ သေဆုံးသူ (၁၈) ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၂၂၁) ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
သန့်ဇော်