ဝက်လက်မြို့၌ “ပန်းခင်း” စီမံချက်နှင့် ပတ်သတ်သည့် သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်

ဝက်လက် အောက်တိုဘာ - ၁၄

စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ အခြေခံ ပညာအထက်တန်းကျောင်းဝင် အတွင် ယနေ့ နံနက် ၉ နာရီ အချိန်က “ပန်းခင်း” စီမံချက်နှင့် ပတ်သတ်သည့် အသိပညာပေး ဟောပြောပွဲကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ  ဦးစီးဌာန မှ ဝန်ထမ်းများက ကျင်းပပြုလုပ်ကြောင်း သိရသည်။

“ပန်းခင်း” စီမံချက်နှင့် ပတ်သတ်သည့် သိမှတ်ဖွယ်ရာများကို၊ ဝက်လက်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ( ယာယီ )  မြို့နယ် ဦးစီးမှူး  ဦးဝင်းဇော်က အသိပညာပေး ဟောပြောရာတွင် “ပန်းခင်” စီမံချက် ဆောင်ရွက်မည့် လုပ်ငန်း ၄ ရပ်၊ အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သော အထောက်ထားများ၊ အိမ်ထောင်စု လူ ဦးရေ စာရင်းအတွက် လိုက်နာရမည့် အချက်များ၊ နိုင်ငံသားစစ်ဆေးရေးကတ်ပြားများ လျှောက်ထားရာတွင် လိုအပ်သော အထောက်ထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ လိုက်နာရမည့် အချက်များကို ဟောပြောရာ ဟောပြောပွဲသို့ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာ၊ မြို့နယ်  ဦးစီးမှူး  ဦးဝင်းဇော် ကပြန်လည် ဖြေကြားသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ  ဦးဉာဏ်လှိုင်နှင့် အဖွဲ့ဝင်းများ တက်ရောက်ကြကြောင်း သိရှိရပါသည်။

စိုးစိုးလှိုင် (ဝက်လက်)