ရွာသစ် အောက်တိုဘာ ၂၂
ရွာသစ်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများပိုမိုသိရှိ လိုက်နာနိုင်ရေး အသိပေးနှိုးဆော်မှုများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရပ်ကွက်/ကျေးရွာတို့၌ Hand Speaker ဖြင့် အသိပေး နှိုးဆော်မှုကို ယနံနက် ၁၁ နာရီ အချိန်တွင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ လိုအပ်၍ ပြင်ပသို့သွားလာရပါက ပါးစပ်နှာခေါင်းစည်းတို့ကို စနစ်တကျတပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးရောင်း ဈေးရောင်းဝယ်ခြင်းများ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်စုံတစ်ရာကိုင်တွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ မိမိနေထိုင်ရာအခန်းကို လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျစွန့်ပြစ်ရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဗဟိုကော်မတီမှ အသိပေး ညွှန်ကြားချက်များကို မိဘပြည်သူများအနေဖြင့် တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် တို့ကိုတိုက်တွန်းနှိုးဆော်ခဲ့သည်။
နန်းဆွေဆွေအေး (ရွာသစ်မြို့)