ပန်ဆောင်မြို့ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပန်ဆောင်၊ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ အခြေခံပညာအထက်တန်း ကျောင်းအတွင်း၌ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးရာတွင် အဆင်ပြေချော့မွှေ့စွာ ထိုးနှံနှိင်ရေးအတွက် ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 ဦးတည်အုပ်စုများဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများကို ကူးစက်မြန် ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးကို မကြာမှီကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပထမအကြိမ်စတင်ထိုးနှံပေးမည်ဖြစ်ရာ အစဥ်ပြေချောမွေ့စွာ ဆောင်ရွက်နှိင်ရေးအတွက် ကျောင်းဝန်းနှင့် ကျောင်းဆောင်များအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား မိဘများ စုပေါင်းပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးအတွက် ကျောင်းဝန်းအတွင်း ချုံနွယ်၊ အမှိုက်များ ရှင်းလင်းခြင်း၊ ကာကွယ်ဆေးထိုးရာတွင် အသုံးပြုမည့်စားပွဲ၊ ကုလားထိုင်များ ကျောင်းသား၊ ကျောင်းသူများ စောင့်ဆိုင်းရာနေရာများ ဆေးထိုးပြီးမိနစ် ၃၀ ကြာအနားယူရမည့် နေရာများအား သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ပန်ဆောင်မြို့အတွင်းရှိ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ဦးရေ စုစုပေါင်း (၆၀၆) ဦးခန့်အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပန်ဆောင်မြို့ အခြေ ခံပညာ အထက်တန်း ကျောင်းအုပ်ဆရာကြီး  ဦးရှန်ယုံထံမှ သိရသည်။

ဂျာယော်(ပန်ဆောင်)