နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ထောက်ပံ့ ပစ္စည်းများ လှူဒါန်း

လဟယ် အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းအတွက် (ENDO)အရှေ့နာဂဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းမှ ကိုဗစ်-၁၉ စင်တာ အတွက် ပစ္စည်းများထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁ဝး၀၀)အချိန်က လဟယ်မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပစ္စည်းများ ပေးအပ်လှူဒါန်းပွဲတွင် နှာခေါင်းစည်း mask(၃၀)ဗူး၊ N95 mask (၁၀)ဗူး၊ ကိုဗစ်-၁၉ ဆေးစစ်တံ Test kit  (၂၅)ခုပါတစ်‌ဗူး၊ PPE ၀တ်စုံ(၂၀)စုံ၊ hand gel (၃၇)ဗူး၊ level-2 ၀တ်စုံ(၂၀)စုံတို့ကို (ENDO) အဖွဲ့ကပေးအပ် လှူဒါန်းခဲ့ရာ လဟယ်မြို့နယ် ကိုဗစ်-၁၉ ကော်မတီမှ လက်ခံရယူခဲ့ကြောင်းသိရသည်။

ရှားဆက်(လဟယ်)