ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) များ ဆက်လက် ထိုးနှံပေးလျက်ရှိ

ရန်ကုန် အောက်တိုဘာ  ၂၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၄၅ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျင်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား၊ ကမ္ဘောဇလမ်းရှိ အ.မ.က(၃) မူလွန်ကျောင်းနှင့် အ..က()ဗဟန်း​ကျောင်းတို့တွင်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေးလာရောက်ထိုးနှံ ကြသူများကို၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်း အောက်စီဂျင်လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိမေးမြန်းခြင်း၊ တို့ကိုဆောင်ရွက်ပြီးမှသာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ဗဟန်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး၊ အောက်တိုဘာ(၂၇)ရက်နေ့တွင် အ..က() မူလွန်ကျောင်း၌ အသက် ၅၅နှစ်နှင့်အထက် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၅၄၅)ဦး ရှိ​ကြောင်း သိရသည်။

အလားတူ ကိုဗစ်-၁၉​ ရောဂါကာကွယ်​ဆေးများကို အ..က()ဗဟန်း​ကျောင်းတွင် ရပ်ကွက်အလိုက် ၄၅ နှစ်နှင့်အထက်၊ ပထမအကြိမ်​ ဆေးလာ​ရောက်ထိုးနှံသူ စုစု​ပေါင်း (၃၉၅) ဦး ရှိ​ကြောင်းသိရသည်။

ထိုသို့ကာကွယ်​ဆေးများထိုးနှံ​ပေးရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

​အောင်မြင့်(ပြန်/ဆက်)