ပြည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ စာပေ သင်ကြားပေးလျှက်ရှိ

ပြည် နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ စာပေသင်ကြားပေးလျှက်ရှိကြောင်းသိရသည်။

ပြည်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၈၈) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၇)ကျောင်းနှင့် ဘကကျောင်း(၉)ကျောင်းရှိပြီး အဆိုပါကျောင်းများ စတင်ဖွင့်လှစ်ရာတွင် နေ့စဉ်နံနက် ၇ နာရီခွဲမှ ၁၂ နာရီခွဲ အချိန်အထိ ဖွင့်လှစ်၍သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများအား တည်ငြိမ်အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် ကျောင်းသားမိဘများ၊ ဆရာဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မင်းမင်းစိုး (ပြန်/ဆက်)