ညောင်လေးပင် နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြိုတွင် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက် (၈)နာရီ အချိန်ကစ၍ ညောင်လေးပင်မြို့ မြိုမ(၁)ရပ်ကွက်ရှိ မဟာတိလောကသယမ္ဘူ ဘုရားကြီး စောင်းတန်း၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းယုန်းနှင့် ဝန်ထမ်းများ၊ ဆရာဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများက ကူညီဆောင်ရွက် ပေးခဲ့ကြပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသဲဝတ်ရည်ထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
ညောင်လေးပင်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူ ၈၀၀၀ ဦးကျော်ရှိကာ ယနေ့ ညောင်လေးပင်မြို့တွင် အထက(ခွဲ) ညောင်လေးပင်မှ ၃၃၆ ဦး၊ အထက(ခွဲ)ပန်းတင်မှ ၈၆ ဦး၊ အလက (ခွဲ) တပ်မတော်ရပ်မှ ၃၇ ဦး၊ အလက ဇီးဖြူခင် မှ ၃၄ ဦး၊ အလက အင်းကျိုက်မှ ၉၆ ဦး၊ အလက အရှေ့ဇီးကန် မှ ၂၂ ဦး၊ အလက ကြံဘို မှ ၁၂ ဦး၊ အလက ကြာအင်းကြီးမှ ၇၇ ဦး တို့အားထိုးနှံပေးခြင်းဖြစ်ပြီး ကျန်ရှိသည့်ကျောင်းသား/ ကျောင်းသူများအားလည်း ဆေးရောက်ရှိမှုပေါ်မူတည်၍ ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။