ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားသည့် အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြား

ထန်းတပင်(ပဲခူး) နိုဝင်ဘာ ၁

မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ် -၁၉ ရောဂါကြောင့် ယာယီပိတ် ထားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ လျော့နည်းပျောက်ကွယ်လာသဖြင့် နိုင်ငံတော်အစိုးရက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက်နံနက် ၈ နာရီက စတင်၍ ကျောင်းသား၊ ကျောင်းသူများ မိမိတို့အပ်နှံထားသော ကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ  အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်လာရာတွင် နှာခေါင်းစည်း၊ မျက်နှာကာများတပ်ဆင်ခြင်း၊ စာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံများကို မျှဝေ သုံးစွဲခြင်းမပြုရန်၊ ကျောင်းအဝင်နှင့် စာသင်ဆောင်ရှေ့၌ လက်ဆေးဘေစင်များထားရှိပြီး စနစ်တကျလက်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာသွားကြရန် သတ်မှတ်ထားကြောင်းနှင့် အထက(၉)ကျောင်း၊ အထကခွဲ(၄)ကျောင်း၊ အလက(၁၄)ကျောင်း၊ အလကခွဲ(၂၁)ကျောင်း၊ မူ/လွန်(၅၄)ကျောင်း၊ အမက(၆)ကျောင်း၊ အမကခွဲ(၁)ကျောင်း၊ စုစုပေါင်းကျောင်း(၁၀၉)ကျောင်း ဖွင့်လှစ်ပညာသင်ကြားပေးလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်ဆက်)