မင်္ဂလာဒုံမြို့နယ်တွင် အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

မင်္ဂလာဒုံ နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ ကျောင်းသို့ တက်ရောက်ကြပြီး အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်။

မင်္ဂလာဒုံမြို့နယ်တွင် အ.ထ.ကကျောင်း(၉)ကျောင်း၊ အ.ထ.ကခွဲကျောင်း(၃)ကျောင်း၊ အ.လ.ကကျောင်း(၈)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း(၂၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၀)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း(၅၂)ကျောင်းရှိရာ အဆိုပါကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းတက်ရာတွင် လက်ဆေးစေခြင်း၊ နှာခေါင်းစည်း(mask)တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေခွာခြင်း စသည့်ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်၍ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်းတက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ လိုက်နာဆောင်ရွက်မှုရှိ/မရှိအား မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ ညာရေးမှူးဒေါ်သန္တာဝင်းဦးဆောင်သည့် ပညာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မင်္ဂလာဒုံမြို့နယ်ရှိ ကျောင်းများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန္တာ(ပြန်/ဆက်)