နယ်ရုံးများ၏သတင်းများ

Aug 31,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ အသက်(၆၅)နှစ်ထက် သက်ကြီးရွယ်အိုများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဟောင်း အစည်းအဝေးခန်းမနှင့် မြို့နယ်ပြည်သူ့ဆေးရုံဟောင်းများရှိ သတ်မှတ်စုရပ်နေရာများထားရှိကာ
Aug 31,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ အနောက်ဖွားစော ကျေးရွာ၏ အနောက်မြောက်ဘက်၊ ဆုတောင်ပြည့်အုတ်ကျောင်း မြောက်ဘက်ရှိ ဘုရားအမှတ်(၈၀၁)သံပျင်စွာဘုရားသည် ယနေ့နံနက် (၄)နာရီ အချိန်ခန့်က ဘုရား၏
Aug 31,2021
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အနံပျောက် ဝေဒနာ ခံစားနေရသူများကို Mobile Test Kit ဖြင့် ယမန်နေ့က စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၀)ဦး တွေ့ရှိခဲ့သဖြင့် အတည်ပြုလူနာ(၁,၁၂၇)‌ဦး အနက်မှ (၉၂၂)ဦး ဆေးရုံဆင်းခွင့် ရရှိခဲ့ပြီး သေဆုံးသူ(၈၄)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အတွင်းရှိ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ တိုက်ကြီးမြို့မ (အ.ထ.က) ကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Aug 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ Pilot Project အစီအစဉ်အရ ကျေးရွာများသို့ ကွင်းဆင်းပြီး ကိုဗစ်-၁၉ရောဂါ ရှာဖွေစစ်ဆေးမှုများကို ယမန်နေ့က ဆက်လက်ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့နယ် တောင်းခမ်းဒေသ၊ နားရှိုးရွာ တိပိဋက ကမ္ဘောဇကျောင်းတော်မှ သံဃာတော်များ၌ ရောဂါပိုးကင်းစင်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသိရသည်။
Aug 31,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး နှိုးဆော်မှုများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။