ဇမ္ဗူသီရိ ဇန်နဝါရီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီက Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် လူငယ်များ အသိပညာ ဗဟုသုတများစွာရရှိပြီး တွေးခေါ်မှုမြင့်မားလာစေရန်နှင့် လူတော်လူကောင်းများ အဖြစ် ရွှေရောင်အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ကို ကြိုဆိုသောအားဖြင့် ၎င်းကိုယ်တိုင်ရေးသားထားသည့် “စည်းလုံးညီညွတ်ခြင်း အရင်းခံကာ” ဆောင်းပါးတွင် ပါရှိသည့်အကြောင်းအရာများအား ဟောပြောခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ အားကစားလှုပ်ရှားမှုများ စသည့် အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
မြို့နယ် (ပြန်/ဆက်)