နယ်ရုံးများ၏သတင်းများ

Oct 13,2021
ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်ရှိ ဘောက်ထော်စျေးတွင် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများစားဝတ်နေ ရေးအဆင်ပြေစေရန်နှင့် သန့်ရှင်းလတ်ဆတ်သော အသား၊ ငါးနှင့်အခြေခံ စားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့်ဝယ်ယူစား သုံးနိုင်ရန်အတွက် အသား၊ ငါးနှင့် ဆန်၊ ဆီ၊ ကြက်ဥများကို ယမန်နေ့ နံနက် (၈)နာရီ အချိန် ကရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လာရောက် ရောင်းချပေးခဲ့သည်။
Oct 12,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် အသက်(၃၅)နှစ်အထက်ရှိသူများအား ယနေ့၊ နံနက် ၉ နာရီတွင် ဝေါမြို့၊ မြို့နယ်ခန်းမဆောင်၌ Phase(3) Sinopharm(5)Dose အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
Oct 12,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင် မြို့နယ်၌ပန်းခင်းစီမံချက် အသိပညာပေး Talk Show ကို ယနေ့ နံနက်(၁၂.၃၀)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှင့်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ပုဇွန်တောင် မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံ ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့သည်။
Oct 12,2021
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ